"ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား ရိုသေစွာ ရှိခိုးကန်တော့ပါ၏" .... လာဘ ပစ္စည်းရခြင်း၊ အလာဘ ပစ္စည်းမရခြင်း၊ ယသ အခြွေအရံများခြင်း၊ အယသ အခြွေအရံမရှိခြင်း၊ နိန္ဒာ အကဲ့ရဲ့ခံရခြင်း၊ ပသံသာ ချီးမွမ်းခံရခြင်း၊ သုခ ကိုယ်စိတ်ချမ်းသာခြင်း၊ ဒုက္ခ ကိုယ်စိတ်ဆင်းရဲခြင်း ဤလောကဓံ (၈) ပါးကို အမြဲ နှလုံးသွင်းပါ။ ...

Tuesday, June 2, 2009

အဘိဓာန်ကို လိုအပ်သလို ဖြည့်စွက်ပေးကြသော မိတ်ဆွေအပေါင်းအား အထူးကျေးဇူးတင်ပါသည်။ အားလုံး၏ အားထုတ်မှုကြောင့် ပိုမိုပြည့်စုံသော အဘိဓာန်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
"အားလုံး ချမ်းမြေ့ပါစေ" ဟု ဆန္ဒပြုလျက် ...

Comment ပေးရန်

ဤ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ယုံကြည်စွာ အားကိုး အားထားပြုနိုင်ရန် ပြုစုတည်းဖြတ်သွားပါမည်။ အမှားကင်းစင်စေရန် စစ်ဆေးထားပါသည် စစ်ဆေးနေဆဲလည်း ဖြစ်ပါသည်။ လိုအပ်သည်များကိုလည်း ဖြည့်စွက်သွားမည်ဖြစ်သည်။ ချို့ယွင်းချက်များပါရှိလျှင်လည်း ၎င်းတို့မှာ ကျွန်တော်၏မှားယွင်းမှုများသာဖြစ်ပါသည်။ မူရင်းစာအုပ်များ၏ မှားယွင်းမှုများမဟုတ်ပါ။ ဝေဖန် အကြံဉာဏ်ပေးလိုသမျှကို လွတ်လပ်စွာ ရေးသားပေးပို့နိုင်ပါသည်။ ထပ်ပေါင်းထည့်စေလိုသော ဝေါဟာရများ၊ ထောက်ပြလိုသော မှားယွင်းမှုများကို ထည့်သွင်းပြင်ဆင် ဖြည့်စွက်သွားပါမည်။ အီးမေးပို့မည်ဆိုလျှင် Email : saingkhantun@gmail.com , Blog